မောင်တော ဇူလိုင် ၁၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ မေ ၁၄ ရက်က အလွန်အားပြင်းသော မိုခါမုန်တိုင်းဒဏ်ကြောင့် မောင်တောမြို့ နယ်အနေဖြင့် ဓာတ်တိုင်များ၊ ၁၁ ကေဗွီလိုင်း နှင့် ၄၀၀ ဗို့ ဓာတ်အား လိုင်းများ ပျက်စီးဆုံးရှုံမှုများရှိခဲ့ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများ၏ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဇူလိုင် ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ၆၆ /၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တော ဓာတ်အားခွဲရုံသို့ မဟာဓာတ်အားလိုင်းမှ ဓာတ်အားလိုင်း လက်ခံ ရရှိခဲ့ပြီး ခရိုင်/မြို့နယ် အင်ဂျင်နီ ယာများဦးဆောင်၍လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက မြို့နယ်အတွင်း လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးကာ မြို့နယ်အတွင်းဓာတ်အားဖြန့်ဖြူး ပေးထားပြီးကြောင်း သိရသည်။
မောင်တောမြို့နယ်အနေဖြင့် ၁၁ ကေဗွီ မြို့တွင်းလိုင်းများ၊ ဉဒေါင်း၊ ကျီးကန်းပြင် ဖီဒါစုစုပေါင်း ၄ ဖီဒါဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိရာ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၈၂ လုံး ၊ ရဲတပ်ရင်း ၅ ရင်းအား ဖြန့်ဖြူးပေးလျက်ရှိပြီး မောင်တောမြို့ပေါ်အနေဖြင့် ၁၂ ရပ်ကွက် ကျေးရွာ ၁၄ ရွာ ရှိ မီးသုံးစွဲသူဦးရေ ၆၄၇၄ ဦးရှိရာ မြို့နယ်အတွင်း ဓာတ်အား ပုံမှန် ဖြန့်ဖြူးပေးထားပြီးဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)