ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပေါက်တော ဇူလိုင် ၁၅

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ စာစီစာကုံပြိုင်ပွဲတွင်" မမေ့စဥ်လာအာဇာနည်နေ့အချိန်အခါ" ခေါင်းစဥ်ဖြင့် လည်းကောင်း အခြေခံပညာအထက်တန်းကျောင်း (ပေါက်တော)မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၀ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရကျောင်းသား/ကျောင်းသူများကို မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)