အမ်း ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ တွဲဖက်ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် တွေ့ဆုံအားပေး၍ ထောက်ပံ့ရေးပစွည်းများ ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန်တွင် ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ မြို့နယ်ပညာရေးမှူး၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဌာနတို့မှ ကျောင်း၌ သင်ကြားရေး ဆရာ/ဆရာမများနှင့် တွေ့ဆုံကာ သင်ကြားရေး၊ နေထိုင်ရေး၊ စာသောက်ရေး အခက်အခဲများအား တွေ့ဆုံမေးမြန်းရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် သင်ကြားရေးဆရာ၊ ဆရာမများက လက်ရှိသင်ကြားနေမှု အခြေအနေများ သင်ကြားရေးအတွက် လိုအပ်ချက်အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က တင်ပြချက်များအပေါ် ဖြည့်စည်းဆောင်ရွက်နိုင်ရေး အတွက်ပေါင်းစပ်ဆွေးနွေးကာ သင်ကြားရေး ဆရာ/ဆရာမများအား စားသုံးဆီ၊ ကြက်ဥနှင့်ခေါက်ဆွဲခြောက်များအား ပေးအပ်ရာ ဆရာမများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့သည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)