ဘူးသီးတောင် ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က ဦးဥတ္တမခန်းမ၌ မိုခါမုန်တိုင်း ကြောင့် လေဘေးသင့် ရပ်ကွက်/ကျေးရွာအုပ်စုများဖြစ်သည့် အနောက်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ တင်းမေကျေးရွာအုပ်စု၊ ဇီးတုံကျေးရွာအုပ်စု၊ ပန်းဘဲချောင်းကျေးရွာအုပ်စု၊ ကျောင်းတောင်ကျေးရွာအုပ်စု၊ ဂုပ္ပီကျေးရွာအုပ်စု၊ ယင်းမကျောင်းတောင်ကျေးရွာအုပ်စု၊ ဧရာသျှကျေးရွာအုပ်စု၊ ငလှမ်းပြင်ကျေးရွာအုပ်စု၊ တရဂူကျေးရွာအုပ်စု၊ ကျောက်တောင်(ခ) ပြင်ရှည်ကျေးရွာအုပ်စု၊ အိုးသည်မကျေးရွာအုပ်စု၊ မီးကျောင်း ခေါင်းဆွဲ ကျေးရွာအုပ်စု၊ အုတ်တောင်ကျေးရွာအုပ်စု၊ မောင်ကြီးတောင်ကျေးရွာအုပ်စု၊ လောင်းယုံကျေးရွာအုပ်စု၊ ငကျဉ်တောက်ကျေးရွာအုပ်စု၊ စေတောင်ကျေးရွာအုပ်စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာ အုပ်စု(၁၉)အုပ်စုရှိ ကျေးရွာပေါင်း(၇၂)ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ကျေးရွာကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများကို (ဒုတိယအကြိမ်) ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဆန် 50 Kg (၁၅၀)အိတ်၊ 40 Kg (၃၃၈)အိတ်၊ အသင့်စားဆန်(၅ဝ)ထုတ်၊ ဆား(၃၇၂)ပိဿာ၊ ခေါက်ဆွဲခြောက်(၁၉ဝ)ဖါ၊ ရိက္ခာထုတ်(၁၉)ထုတ်၊ သွပ်(၈၄)ချပ်၊ မိုးသံ(၉၈)ပိဿာ၊ ငါးသေတ္တာ(၁၇၅) ဗူး၊ အကြော်မုန့် (၃၈)ထုပ်၊ ငါးခြောက်ထုတ် (၉၅)ထုတ်၊ ရိုက်သံ(၂ဝဝ)ပိဿာ၊ သစ်(၁၀.၀၀၈၆) တန်တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး လေဘေးသင်ပြည်သူများ လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရေး၊ စနစ်တကျ ဖြန့်ဝေနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်တပ်နယ်ရှိ တပ်မတော် ကုတင်(၅၀)ဆန့်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာများအား ကြည့်ရှု၍ အားပေးစကားများ ပြောကြားကာ အာဟာရဖြည့်စွက်စာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံအတွင်းရှိ ဓါတ်မှန်အခန်းမှ 100 MA X-Ray Machine စက်နှင့် Olsen Dental Chair ဓါတ်ခွဲပစ္စည်းများကို ဓါတ်ခွဲခန်းတာဝန်ခံမှ ရှင်းလင်းပြောကြားမှုများ အပေါ် လေ့လာကြည့်ရှု၍ ဆေးရုံဝန်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် . ဘူးသီးတောင် တပ်နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များမှ ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော စစ်သည် သားသမီးများမှ ကျောင်းသူ/ ကျောင်းသားများနှင့် ကျောင်းသား မိဘများအား ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားအားပေးချီးမြှင့်ခဲ့ကြသည်။
ထိုနောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် လျှပ်စစ်မီး ဓါတ်အားခွဲရုံသို့ သွားရောက်၍ ၆၆ KV ဓါတ်အားရုံသို့ ယနေ့နေလည် (၁၁း၂၃)အချိန်တွင် လျှပ်စစ်မီး စတင်ရောက်ရှိမှု အခြေအနေများ၊ မြို့အတွင်းလျှပ်စစ် မီးစတင်ပေးပို၍ ဘူးသီးတောင်မြို့ တွင်းမီးစတင်ရရှိမှုအခြေအနေများ၊ မြို့နယ်အတွင်း လျှပ်စစ်မီးအား အန္တရာယ်ကင်းရှင်းစွာဖြင့် ဆက်လက်ဖြန့်ဖြူးမည့်အခြေအနေများအား လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်မန်နေဂျာ ဦးမောင်မောင်ခိုင်၊ ခရိုင်မန်နေဂျာ ဦးထွန်းထွန်းဦး၊ မြို့နယ်မန်နေဂျာ ဦးကျော်ခင်တို့မှ ရှင်းလင်းတင်ပြမှုများအား လေ့လာကြည့်ရှုပြီး မြို့နယ်အတွင်း မီးပေးနေမှုအခြေအနေအား ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)