ကျောက်တော်မြို့နယ်တွင် “မိုခါ”ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကျောက်တော် ဇူလိုင် ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေး ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့၊ ကျောက်တော်မြို့နယ် တာဝန်ခံဗိုလ်မှူးချုပ် အောင်သူဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေး ဆောင်ရွက် နေမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၊ ကျောက်တော်မြို့နယ် တာဝန်ခံဗိုလ်မှူးချုပ် အောင်သူဦးနှင့် အဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အသုံးပြုရန် လိုအပ်သည့် ဌာန(၇)ခုအား ဂုဏ်ပြုထောက်ပံ့ငွေကျပ်(၈၂၇၀၀၀၀)(ငွေကျပ် ရှစ်ဆယ်နှစ်သိန်း ခုနှစ်သောင်းကို)လည်းကောင်း၊ ပညာရေးဌာနအတွက် အမှိုက်ပုံး (၂၅) ပုံးကိုလည်းကောင်း၊ ဌာနဆိုင်ရာများအား ဆန်အိတ်များကိုလည်းကောင်း၊ ကျောက်တော်တပ်နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် သံများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

အခမ်းအနားသို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၊ ကျောက်တော်မြို့နယ် တာဝန်ခံ ဗိုလ်မှူးချုပ် အောင်သူဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။

ဖြူဖြူဝင်း