ဘူးသီးတောင် ဇူလိုင် ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူ များသည်ကုလားတန်(၄) ရေယာဉ်ဖြင့် ရောက်ရှိနေသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် စားရိက္ခာများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ကုန်တင်/ကုန်ချ အဖွဲ့များမှ ဝိုင်းဝန်းသယ်ပို့၍ မီးရထားဆိပ်ရပ်ကွက်ရှိ၊ စားသုံးသူရေးရာ ဂိုဒေါင်အတွင်းသို့ စနစ်တကျထားရှိမှုအားသွားရောက် ကြည့်ရှုစစ်ဆေးပြီး ဖွင့်ဖောက် စစ်ဆေးရေးအဖွဲ့မှ စိစစ်လက်ခံနေမှုများနှင့် လေလွင့်မှုများမရှိစေရေး ကျေးရွာအုပ်စုများရှိ လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ အမြန်ဆုံး စနစ်တကျဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်မှုများနှင့် လိုအပ်ချက်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးကုသခံယူနေကြသော လူနာများအားကြည့်ရှုကာ အားပေးစကားများပြောကြားပြီး အာဟာရဖြည့်စွက်စာ (စားသောက်ဖွယ်ရာများ) ပေးအပ်ခဲ့ပြီး ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဓါတ်ခွဲခန်းရှိ (CP Auto Testi Lipit Profile Test Liver Function Testi CPR B/C/HIV Test) ဓါတ်ခွဲစက်ပစ္စည်းများဖြင့် လူနာများအတွက် ဓါတ်ခွဲ ဆောင်ရွက်ပေးနေမှုများကို ဓါတ်ခွဲခန်းတာဝန်ခံမှ ရှင်းလင်းပြောကြားမှုအပေါ် လေ့လာကြည့်ရှု၍ ဆေးရုံဝင်းအတွင်း လှည့်လှယ်ကြည့်ရှုကာ လိုအပ်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ဦးဥတ္တမခန်းမရှေ့၌ MEC (မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုပ္ပဏီလီမိတတ်)မှ စက်ရုံထုတ်ပစ္စည်းများဖြစ်သည့် သွပ်၊ ဆန်၊ ဆီ၊ ကော်ဖီ၊ ဆပ်ပြာ စသည့် စားသောက်ကုန်ပစ္စည်းများအား ပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေမှုနှင့် ပြည်သူလူထုများမှ အားပေးဝယ်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)