မြေပုံ ဇွန် ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှု၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က အငူကျေးရွာအုပ်စု၊ အငူကျေးရွာရှိ ဗုဒ္ဓရင်ရိုးတော်ဓါတ် စေတီမြတ်ကြီး၏ အရှေ့ဘက် ဒီရေရောက်ကွင်းပြင်၌ ဒီရေတောသစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပစိုက်ပျိုးသည်။
သစ်ပင်စိုက်ပျိုးပွဲတော်သို့ နယ်မြေခံတပ်နယ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ရဲမှူးစိုးညွန့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အငူရင်ရိုးတော်ဓါတ်စေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအသင်း အဖွဲ့အစည်းများနှင့် အငူကျေးရွာရှိ ဒေသခံပြည်သူများတို့ တက်ရောက်ကြပြီး မြို့နယ်သစ်တောဦးစီး အရာရှိ ဦးဝေယံမြင့်ချိုက စိုက်ပျိုးမည့် ပျိုးပင်များကို ဗျူဟာမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်နှင့် ဂေါပကဥက္ကဋ္ဌ ဦးတင်အေးတို့အား ပေးအပ်သည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ဗြူးဒီရေတောပျိုးပင် (၁၀၀၀)အား ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများက တပျော်တပါးစုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)