မြောက်ဦးမြို့၌အခြေခံပညာကျောင်းများသို့ သွားရောက်၍ခြင်ကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပေါ်စေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်း များဆောင်ရွက်  

မြောက်ဦး  ဇွန်  ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်းသောအဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲ အချိန်က ကြက်ဈေးရပ်ကွက်၊ ဆင်ချဆိပ်ရပ်ကွက်၊ ဗန္ဓုလရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံမူလွန်ကျောင်းများသို့ သွားရောက်၍ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် မိုးရာသီ တွင်ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများ ကျောင်းသူ/ ကျောင်းသားများကိုမဖြစ်ပွားစေရန် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ ဆက်)