ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် မြို့သန့်ရှင်းသာယာ လှပရေးအတွက် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်နေမှု၊ အမှိုက်ရှင်းလင်းနေမှုအား သွားရောက်ကြည့်ရှုခြင်း ပရဟိတဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ထောက်ပံ့ ပစ္စည်းများပေးအပ်

ဘူးသီးတောင် ဇွန်  ၂၅

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီး​တောင် တပ်နယ်မှူးဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၇ နာရီအချိန်က ငကျည်တောက် -ဘူးသီးတောင်သွားရာ လမ်းမကြီးဘေးဝဲ/ယာရှိ တပ်မတော်သားများနှင့် ကျေးရွာသူ/ကျေးရွာသားများပူးပေါင်း၍ စုစုပေါင်းအင်အား(၃၀၀)ဦးခန့်ဖြင့် ခြုံနွယ်/ပေါင်းပင်များ အားခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်နေခြင်းကို သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ အဖွဲ့သည်ဆက်လက် ထွက်ခွာလာရာ ဘူးသီးတောင်မြို့ အနောက်ရပ်ကွက် မြို့ဝင်ပန်းခြံနှင့် မေယုလမ်းဘေးဝဲ/ယာရှိ အမှိုက်များ၊ ခြုံနွယ်၊ပေါင်းပင်များရှင်းလင်း ခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အမှိုက်သိမ်းကားဖြင့် တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(၃)မှရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊မြို့နယ်စည်ပင်သာယာ ရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့မှအသင်းဝင်များနှင့် ပြည်သူများပူးပေါင်း စုစုပေါင်းအင်အား(၂၁၀)ဦးဖြင့် အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများ တူးဖော်ခြင်းနှင့် ခြုံနွယ်/ ပေါင်းပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာအားပေးစကားများပြောကြားခဲ့ပြီး မြို့ပေါ်ရှိ ရပ်ကွက်များအလိုက် လမ်းသွယ်/ လမ်းကြားများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် တောင်ရပ်ကွက်ရှိ ဝေနေယျ သုခပရဟိတကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကာ လှူဖွယ်ဝတ္တုများဖြစ်သော ဆွမ်းဆန်၊ ဆီ၊ ငါးသေတ္တာ၊ Gas မီးဖိုနှင့်ခေါက်ဆွဲခြောက်ထုတ် များနှင့် ဘူးသီးတောင် တပ်နယ်မှထွက်ရှိသော ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များအား ဆက်ကပ်လှူဒါန်းကာ ပရဟိတကျောင်းတွင်နေထိုင်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရပါသည်။

အဆိုပါဝေနေယျသုခ ပရဟိတဘုန်းတော်ကြီးကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူစုစုပေါင်း(၂၀၄)ဦး ပညာသင်ကြားလျက်ရှိကြောင်း ဂေဟာမှူး ဦးမောင်အေးထွန်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)