ကျောက်တလုံးကြီး ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးတို့တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ စာရေးဆရာ မုံရွာဝင်ဖေရေးသားသည့် “ကမ္ဘာ့ရန်သူဘိန်းဖြူ” ကဗျာ၊ အသိပညာပေးကာတွန်းတို့ဖြင့် မူးဆေးဝါးအန္တရာယ် ကြီးမားပုံများကို စာဖတ်သူများ အချိန်တိုအတွင်း ဖတ်ရှု့လေ့လာသိရှိနိုင်စေရန် ရေးသားဖော်ပြထားကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူနှင့် ရုံးဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ ဒေသခံပြည်သူများ၊ အသိပညာ ဗဟုသုတရရှိနိုင်ရေးအတွက် ရည်ရွယ်ပြီး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)