အမ်း ဇွန် ၁၇
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အောက်ရွာကျေးရွာအုပ်စု (၁)မိုင်ကုန်းရှိ သဗ္ဗဇေယျမုနိ ဘုရားကြီးပုရဝုဏ်အတွင်း ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ဆောင်ရွက်ကြောင်း သိရသည်။
အမ်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍ သဗ္ဗဇေယျမုနိဘုရားကြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း