မင်းပြား ဇွန် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မိုခါမုန်တိုင်းသင့်ပြည်သူများအား ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြောက်ဦးခရိုင်တိုင်းရင်း ဆေးပညာဦးစီးဌာန၊ မင်းပြားမြို့နယ်ဆေးကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇွန်လ ၁၆ ရက်နေ့လယ် ၁၂နာရီအချိန်က မော်ရွာကျေးရွာ၌အခမဲ့ဆေးကုသခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယပြည်နယ်မှူးဒေါ် သန်းသန်းရီက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး ဒုတိယပြည်နယ် မှူးဒေါ်သန်းသန်းရီ၊ မြောက်ဦးခရိုင်တိုင်းရင်းဆေး ပညာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဒေါ်နီနီအေး၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်မေမျိုးမြတ်တို့က ကင်းဆိပ်ကျေးရွာအုပ်စု၊ မော်ရွာ ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ဒေသခံပြည်သူများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်ခြင်း၊ နားကျပ်ဖြင့် စမ်းသပ်ခြင်းစသည့် တိုင်းရင်းဆေးဖြင့်ကုသခြင်း လုပ်ငန်းကို ဆောင်ရွက်ကြရာ ဒူးနာ၊ ခါးနာ၊ ချောင်းဆိုး၊ လေထိုးလေအောင့်၊ အကြောတက်၊ ကိုက်ခဲ၊ သွေးတိုး၊ သွေးအားနည်း၊ အိပ်မပျော်၊ထုံ နာကျဥ်နာ၊ အဆစ်ရောင်စသည့် ရောဂါခံစားနေရသူအများအပြားလာရောက်ပြသခဲ့ကြကြောင်းနှင့် တိုင်းရင်းဆေးများကို အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
သောင်းရွှေ (ပြန်/ဆက်)