ပေါက်တော ဇွန် ၁၇
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ပြုလုပ်ရာ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်ကလေးအဖွဲ့များနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ထို့နောက် ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူများက မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု ၃၁၅ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးကို ပေးအပ်ရာ မုန်တိုင်းဒဏ်သင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဗိုလ်မှူးချုပ်နှင့်အဖွဲ့သည် ပေါက်တောမြို့၊ ဘဝမ်းချောင်းဝစုရပ်ကွက်၊ အ.မ.က မောလိပ်၊ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးပျက်စီးခဲ့မှုအပေါ် ကုမ္ပဏီမှ ပြန်လည်ပြုပြင်ပြီးစီးသည့် ကျောင်းဆောင်အားယမန်နေ့ ညနေပိုင်းတွင် လေပွေရိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်ကျောင်းဆောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို ကျောင်းသား/ကျောင်းသူများ အမြန်ဆုံးပြန်လည် ကျောင်းတက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)