ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (Book Club) (Young Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရမ်းဗြဲ ဇွန် ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့နေ့လည် (၂)နာရီအချိန်က  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်နှင့်ဝန်ထမ်းများ၊ (Book  Club)  (Young Club)  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)၊ အမှတ်(၁၁)၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့  ထုတ်ဝေသည့်  ဆောင်းဝတီ ရေးသားသော “ ကျောင်းဖွင့်ချိန်ဝေဆာပွင့်လန်းတော့မည့် အနာဂတ်ပန်းကလေးများ”  ဆောင်းပါးပါ အကြောင်းအရာများ ဖတ်ကြားဆွေးနွေးပါသည်။

ဆက်လက်ပြီး (Young Club) အဖွဲ့ဝင်တစ်ဉီးဖြစ်သော ကိုမောင်သိန်းအောင်မှ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသော စကားနှင့်အညီ အနာဂတ်တွင် ခေါင်းဆောင် ကောင်းများဖြစ်လာမည့်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းဖွင့်ချိန်တွင် ပညာကိုအာရုံစူးစိုက်ပြီး သင်ကြားကြရန်နှင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုကို လေးစားလိုက်နာကြရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်  အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန် စာပေများကိုလေ့လာဖတ်ရှုကြရန် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)