ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

ဂွ ဇွန် ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေး ဌာနမှ ထိုးနှံပေးလျက်ရှိပါသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိရာ ဇွန်လ (၁၅) ရက်နေ့က မြို့နယ်အတွင်းရှိ စုရပ်များ၌ နိုင်ငံ့ဝန်ထမ်း များနှင့် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ် (ထပ်ဆောင်း) ကာကွယ်ဆေး  Booster ဆေးထိုးနှံပေးရာ စတုတ္ထအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံသူ (၉) ဦး၊ ပဉ္မမအကြိမ်မြောက် ကာကွယ်ဆေး ထိုးနှံသူ (၃၆) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းပေးခြင်း၊‌ သွေးပေါင်ချိန်‌ ပေးခြင်းနှင့် ဆေးထိုးပြီးပါက နာရီဝက်ကြာ ခေတ္တနားစေခြင်းတို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်