ဘူးသီးတောင် ဇွန် ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်း၌ မိုခါမုန်တိုင်းကြောင့် ပြည်သူ့ကျန်းမာရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ စေလွှတ်သောကလေးအထူးကုဆရာဝန်ကြီး ဦးဆောင်သောအဖွဲ့၊ ဘူးသီးတောင် တပ်နယ်မှ အထူးကုဆေးကုသရေးအဖွဲ့၊ ဘူးသီးတောင်မြို့ ကျန်းမာရေးဦးစီးဌာနမှ အထူးကုဆရာဝန်များအဖွဲ့တို့နှင့် နယ်လှည့်ဆေးကုသရေး အဖွဲ့တို့ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်ရှိပြည်သူလူထုများနှင့် ခေတ္တယာယီနေရပ် တိမ်းရှောင်နေသူများအား (အခမဲ့)ကျန်းမာရေး စောင့်ရှောက်ပေးနေမှုတို့အား သွားရောက်ကြည့်ရှုပြီး ဆေးကုသနေသည့်ပြည်သူများအား အားပေးစကားများပြောကြားကာ ခေါက်ဆွဲခြောက်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကုလားတန်(၂)ရေယာဉ်ဖြင့် ရောက်ရှိလာသည် ဆန်အိတ်များကို ဖွင့်ဖောက်စစ်ဆေးရေးအဖွဲ့မှ စိစစ်လက်ခံနေမှုများနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ကုန်တင်/ကုန်ချအဖွဲ့များမှဝိုင်းဝန်းသယ်ပို၍ ဂိုဒေါင်သို့ စနစ်တကျထားရှိ သိုလှောင်နေမှုများအား သွားရောက်ကြည့်ရှုကြပ်မတ်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရှိရသည်။
ထိုနောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် အလင်းရောင် ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဝါရိန္ဒအား ဖူးမျှော်ကာဩဝါဒခံယူပြီး ပင့်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး မိုခါမုန်တိုင်းကြောင်းသာသနိက အဆောက်အဦများ အမိုးလန်ပျက်စီးသွားသည့်သရဖီ၊ သရက်တောင်၊ အုတ်တောင်၊ ဝါးခုတ်ချောင်း၊ လောင်းယုံ၊ သပိတ်တောင်၊ စံညှင်းဝေ၊ ဝါးနက်ရုံ၊ စေတီတောင်၊ သိုင်းတပုတ်၊ ရခိုင်(ကွန်တိုင်)၊ စည်တောင်(သစ်)၊ စည်တောင်၊ စည်ပင်သာယာ၊ ကျောက်ရန်၊ သေကံခွဆုံ၊ ကွမ်းတောင်၊ ကံပြင်၊ ဒုပြင်ရှည်၊ စပါးထား၊ ဩရမ၊ ပအိုးသည်မ၊ လေးမြို့၊ ကျောက်ပြင်ဆိပ်ငမြင်းဘော်၊ အထက်ပီချောင်း၊ မင်္ဂလာတပ်ဦး၊ ကျွဲဂြိုလ်မော်၊ ဈေးရွာ၊ မြိုမချောင်း၊ သရက်ပြင်နှင့်သာသနာ့ရောင်ခြည်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း၊ စုစုပေါင်း(၃၂)ကျောင်းအတွက် ပြန်လည်ပြုပြင်ရန်လိုအပ်သော အမိုးသွပ်(၂၅၆၄)ချပ်၊ ဆွမ်းဆန်(၃၂)အိတ်၊ သစ်(၁၅.၄)တန်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့်ဘုန်းတော်ကြီးကျောင်း များသို့လှူဒါန်းသော နဝကမ္မငွေသား (၃၅ဝဝဝဝဝိ/)ကျပ်တို့အား ကျောင်းထိုင်ဆရာတော်များသို့ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကာ အဆိုပါလှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း (၁၄၉) ကျောင်းရှိပြီး မိုခါမုန်တိုင်းကြောင်း အမိုးလန်ပျက်စီး၊ ဆုံးရှုံးသွားသည့် ဘုန်းတော်ကြီးကျောင်း (၉၁)ကျောင်းရှိရာ အဆိုပါ ဘုန်းတော်ကြီးကျောင်းများအား အမိုးသွပ်(၆၆၇ဝ)၊ ဆွမ်းဆန်(၉၁)အိတ်၊ ငွေကျပ်သိန်း(၁၀ဝိ/-) ကျပ်သိန်းတစ်ရာတိတိအား ထောက်ပံ့လှူဒါန်း ထားရှိပြီးဖြစ်ကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)