ပေါက်တောမြို့၌ မျိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်

ပေါက်တော ဇွန် ၁၆

ရခိုင်ပြည်နယ်  ပေါက်တောမြို့၌  ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်နှင့်စံပြကွက်များပြုလုပ်ရန်အတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက ထောက်ပံ့ပေးအပ်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက နတ်တောင်ပြင်ကျေးရွာ၊ စိုင်းတုတ်ကျေးရွာ၊ အလယ်ကျွန်းကျေးရွာ၊ သဝင်ချောင်းကျေးရွာနှင့် မြင့်ဂါကျေးရွာများမှ တောင်သူများအား မိုးစပါးမျိုးစေ့ထုတ်များ ထောက်ပံ့ပေးအပ်ကြသည်။ ထို့ပြင် တက်ရောက်လာကြသည့် တောင်သူများကလည်း မိုးစပါး စိုက်ပျိုး ထုတ်လုပ်နည်းပညာများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)