ပေါက်တော ဇွန် ၁၆
အလွန်အားကောင်းသည့် မိုခါဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ပေါက်တောမြို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဆန်နီအုန်းသည် ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ ဗိုလ်မှူးချုပ်ဆန်နီအုန်းက မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိမိတို့ကျေးရွာများတွင် ပညာရေး၊ကျန်းမာရေး၊သာသနိက အဆောက်အအုံများ၊ ဆေးရုံဆေးခန်းများ ဆောက်လုပ်ပြီးစီးမှု၊ ဆောက်လုပ်ဆဲအခြေအနေ၊ ဘေးသင့်သူ အိမ်ထောင်စုစာရင်းကို (A)အဆင်ပြေချမ်းသာ၊ (B)အသင့်အတင့်ရှိသူ၊ (C)မိသားစုများဆင်းရဲ အဆင့်သတ်မှတ်၍ ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု၊ ဆောက်လုပ်ဆဲ အခြေအနေနှင့် မုန်တိုင်းသင့် ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်မှုများ တင်ပြသည်။
ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများကလည်း မုန်တိုင်းကြောင့် ပျက်စီးခဲ့ကြသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအား ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဗိုလ်မှူးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဗိုလ်မှူးချုပ် ဆန်နီအုန်းနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု ၅၈ အုပ်စုအတွက် ခေါက်ဆွဲခြောက်၊ သွားတိုက်တံ၊ သွားတိုက်ဆေးနှင့် တာပေါ်လင်များကို ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအား ပေးအပ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)