သံတွဲမြို့နယ်တွင် စားသုံးဆီများကို စျေးနှုန်းသက်သာစွာ ရောင်းချပေး

သံတွဲ  မေ ၁၅

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီလုပ်ငန်းရှင်များအသင်းက ပြည်သူများစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက သက်သာ ချောင်ချိမှုဖြစ်စေရန် ရည်ရွယ်၍ ဆီ ၁ ပိဿာလျှင် ပြင်ပပေါက်စျေး ၇၀၀၀ ရှိသော စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ၁၀-၆-၂၀၂၃ရက်နေ့မှ၁၄-၆-၂၀၂၃ရက်နေ့ထိ ရပ်ကွက်စျေးများတွင် လူတစ်ဦးလျှင် ၁ပိဿာနှုန်း ရောင်းချ​ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဆီ ၁ ပိဿာလျှင် ၄၈၀၀နှုန်းဖြင့် ၁၄-၆-၂၀၂၃ ရက်နေ့တွင် ရွှေကျောင်းပြင်ကျေးရွာ၌ နောက်ဆုံးနေ့အဖြစ် ဆက်လက်ရောင်းချ သွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)