မင်းပြားမြို့နယ်၌ ရေသန့်စင်ကားဖြင့် သောက်သုံးရေဖြန့်ဝေပေးနေမှုအား ကွင်းဆင်းကြည့်ရှု

စစ်တွေ ဇွန် ၁၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများသည် မင်းပြားမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် သောက်သုံးရေခက်ခဲသော ရပ်ကွက်များသို့ ရေသန့်စင်ကားဖြင့် သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနေမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မင်းပြားမြို့နယ်တွင် ရွှေ့လျားရေသန့်စင်ကားဖြင့် မေလ ၂၁ ရက်နေ့မှစ၍ မိုခါမုန်တိုင်းကြောင့် သောက်သုံးရေခက်ခဲသော ရပ်ကွက်များသို့ ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေများကို ဖြန့်ဝေပေးလျက်ရှိသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့် တာဝန်ရှိသူများက မင်းပြားမြို့နယ် ဥက္ကာပျံ ရပ်ကွက်နေပြည်သူများသို့ ရေသန့်စင်ကားဖြင့် သန့်ရှင်းသော သောက်သုံးရေဂါလံ (၇၀၀၀) ဖြန့်ဝေနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)