ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရပေးလျက်ရှိ

ငပလီ   ဇွန် ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ဂေါ့ရပ်ကွက် မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ (၃း၀၀)နာရီအချိန်က ငပလီမြို့ ဂေါ့ရပ်ကွက် မူလတန်းကျောင်းတွင်စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ငပလီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ဝါသနာရှင် ဆရာဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ပြီး သုတ၊ ကလေးကြိုက်ရသစာအုပ်များကို နှစ်ပတ်ငှားစနစ်ဖြင့် ငှားရမ်းပေးခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင် စာအုပ်၊စာစောင်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငပလီ (ပြန်/ဆက်)