ဂွ ဇွန် ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များက ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၉)ပါ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)ရေးသားသည့် "တစ်ဦးချင်း စွမ်းဆောင်ရည်မှသည် ထိရောက်အကျိုးရှိသော အဖွဲ့အစည်းသို့" ဆောင်းပါးဖြင့် ယနေ့မွန်းလွဲ ၁ နာရီ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကြောင့် အသိပညာဗဟုသုတများ တိုးပွားလာပြီးအမှားအမှန်ဝေဖန်ပိုင်ခြားနိုင်မှုများ ရရှိလာစေရန်၊ စာပေ အကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး စာပေအကျိုးကျေးဇူးကို ရရှိခံစားနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် Youth Club အဖွဲ့ဝင်များက လူပုဂ္ဂိုလ်တစ်ဦးချင်းစီတွင် ရုပ်ပိုင်းဆိုင်ရာနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ အကန့်အသတ်များ ရှိပြီး ယင်းအကန့်အသတ်များကို အုပ်စုလိုက်ကြိုးပမ်းမှုများဖြင့်သာ ကျော်လွှားနိုင်မည်ဖြစ်ကြောင်းစသည့်ဖြင့် တစ်ဦးချင်းစီ ဆောင်းပါးအား ခြုံငုံဖတ်ကြားခဲ့ကြပြီး ဆောင်းပါးပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်