ပေါက်တော ဇွန် ၁၄
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ကျေးရွာများသန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ဆားငံရည်ဝင်ရောက်သွားခဲ့သော ရေကန်များရှိရေများကို ရေစုပ်စက်များဖြင့် စုပ်ယူလျက်ရှိသည်။
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပေါက်တောမြို့နယ် င/ဝက်စွေကျေးရွာအုပ်စု ဇေယျဝတီကျေးရွာရှိ ဆားငံရည်ဝင်ရောက်ခဲ့သော ရေကန်သုံးကန်ရှိ ရေများကို ယမန်နေ့ညနေပိုင်းက စုပ်ယူလျက်ရှိရာ မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်းနှင့် အင်ဂျင်နီယာတို့က ကွင်းဆင်းကြီးကြပ်ခဲ့ကြကြောင်းသိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)