ရသေ့တောင်မြို့နယ်တွင် မြို့မစျေးကြီး စတင်ဖွင့်လှစ်ရောင်းချ

ရသေ့တောင် ဇွန် ၁၄

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့တွင်ပြင်းအားကြီးသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပိတ်ထားရသော မြို့မစျေးကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ် ရောင်းချခွင့်ပြုရာ စျေးရောင်းစျေးဝယ်သူများနှင့်စည်ကားလျက်ရှိသည်။

ရသေ့တောင် မြို့တွင်ပြင်းအားကြီးသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် တစ်မြို့လုံးနီးပါးပျက်စီးမှုဆုံးရှုံးမှုများခဲ့ရာ မြို့မစျေးလည်းအပါအဝင်ဖြစ်သည်။ အပျက်အစီး အမှိုက်သရိုက်များအား ဆိုင်ပိုင်ရှင်များနှင့် မြို့နယ်စည်ပင်ဝန်ထမ်းများမှ ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်စည်ပင်ဝန်ထမ်းများမှ အမှိုက်သိမ်းကားများဖြင့် လိုက်လံသိမ်းဆည်းခြင်း၊ သတ်မှတ်နေရာ၌စွန့်ပစ်ခြင်း၊ မီးရှို့ခြင်းများဆောင်ရွက်ခဲ့​ကြပြီး ပြန်လည်ပြုပြင်တည်ဆောက်ရေးများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့မှာအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ရသေ့တောင်(ပြန်/ဆက်)