တောင်ကုတ် ဇွန် ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့်သက်ဆိုင်ရာစာစစ်ဌာနများ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်လျက်ရှိရာ တောင်ကုတ်မြို့နယ်၌ အဆိုပါတက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
တောင်ကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၈၆၈)ဦး ရှိသည့်အနက်(၄၆၅)ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း(၅၃.၅၇)ဦးရှိပြီး ဂုဏ်ထူးရရှိသူ(၄)ဘာသာ (၁)ဦး၊ (၃)ဘာသာ(၂)ဦး၊ (၂)ဘာသာ(၁၆)ဦးနှင့် (၁)ဘာသာ(၆၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်ပြန်/ဆက်