တောင်ပြိုလက်ဝဲ ဇွန် ၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့ နံနက်ပိုင်း၌ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို တောင်ပြိုလက်ဝဲမြို့ အထက ကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ကျောင်း သူ ၁၄၅ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၈၀ ဦးရှိပြီး ၎င်းအနက်မှ ၃ဘာသာဂုဏ်ထူးရှင်(၃)ဦး၊၂ဘာသာဂုဏ်ထူးရှင်(၁၂ )ဦးနှင့် ၁ဘာသာဂုဏ်ထူးရှင်(၂၄ )ဦးနှင့်ရိုးရိုးအောင်မြင်သူ (၄၁)ဦးတို့ရှိပြီး အောင်ချက်ရာနှုန်းမှာ ၅၅.၁၇ ရာခိုင်နှုန်း ဖြစ်ကြောင်း တောင်ပြိုလက်ဝဲမြို့ အထကကျောင်းမှသိရသည်။
သိန်းနိုင်(ပြန်/ဆက်)
တောင်ပြို ၀၉၄၂၁၇၆၁၈၀၅