သံတွဲ ဇွန် ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အောင်စာရင်းများ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို သံတွဲမြို့နယ် စာစစ်ဌာနများဖြစ်သည့် အ.ထ.က-(၁)၊ အ.ထ.က ကင်းမော်၊ အ.ထ.က ရွှေလှေ၊ အ.ထ.က ငပလီ၊ အ.ထ.က ကျောက်ကြီး စာစစ်ဌာန(၅)ခုသတ်မှတ်ထားပြီး စာစစ်ဌာနများတွင် ကျောင်းသား/သူ ၈၆၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ၅၂၆ ဦး အနက်မှ ၄- ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ ၃ -ဘာသာဂုဏ်ထူးရှင် (၁၃) ဦး၊ ၂-ဘာသာဂုဏ်ထူးရှင် ( ၃၁) ဦးနှင့် ၁-ဘာသာဂုဏ်ထူးရှင်(၉၄) ဦးတို့ဖြစ်ပြီး အောင်ချက်ရာနှုန်းမှာ ၆၁.၀၂ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)