မာန်အောင် ဇွန်၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ၈ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အောင်စာရင်းများ ထုတ်ပြန်ပြီဖြစ်သည်။
အဆိုပါစာမေးပွဲကို မာန်အောင်မြို့နယ် စာစစ်ဌာနများဖြစ်သည့် အထက မာန်အောင်၊ အ.ထ.က(ခွဲ)စျေးတန်းဟူ၍ စာစစ်ဌာန(၂)ခုရှိပြီး စာစစ်ဌာနများတွင် ကျောင်းသား/သူ ၃၆၁ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ၂၁၅ ဦးအနက်မှ ၆ ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင်( ၉ )ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင်
(၃၇)ဦးတို့ဖြစ်ပြီး အောင်ချက်ရာနှုန်းမှာ ၅၉.၅၆ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သိန်းဖေ(ပြန်/ဆက်)