ရသေ့တောင် ဇွန် ၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံ တိုက်ကျွေးပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ရာ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးများအား အဆုပ်ရောဂါကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသဲရောင်/အသားဝါ၊ ဦးနှောက်အမှေးပါးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ (၅) မျိုးစပ်၊ ပိုလီယို သောက်ဆေး နှင့်ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးလျက်ရှိသည်။
ထိုနည်းတူစွာ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်း ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ သတ်မှတ်စုရပ်နေရာများသတ်မှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ရသေ့တောင်(ပြန်/ဆက်)