မြေပုံ ဇွန် ၇
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့သည့် ထပ်မံရောက်ရှိလာမည့် ပစ္စည်း(၆)မျိုး တင်ဆောင်လာသည့် ပြည်တွင်းရေကြောင်းပိုင် “ကုလားတန်(၅)” ရေယာဉ်မှ ထောက်ပံ့ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေး အတည်ပြုနိုင်ရေးအတွက် မြို့နယ်ထောက်ပံ့ပစ္စည်းများဖွင့်ဖောက်စစ်ဆေးရေး ကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးမှုကို ယနေ့နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ ပြုလုပ်သည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်ထောက်ပံ့ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးရေးကော်မတီဝင်များအား မြေပုံမြို့နယ်အတွက် ထပ်မံရောက်ရှိလာမည့် ဆန်(၁၉၁၈)အိတ်၊ ငါးသေတ္တာ(၃၀)ဘူး၊ ရေသန့်(၀.၅)လီတာဆန့်(၆၀)ကတ်၊ ခေါက်ဆွဲခြောက်(၁၄၆)ဖာ၊ ကော်ဖီ(၄)ဖာ၊ ငါးမန်းလွှ(၄)လက်တို့အား သင်္ဘောပေါ်မှ တင်ယူ၍ ဖွင့်ဖောက်စစ်ဆေးရာ၌ သတ်မှတ်ထားသောအရေအတွက် ရှိ/မရှိ စစ်ဆေးခြင်း၊ ပေးပို့ပါပစ္စည်းများစာရင်း မှန်/မမှန် စစ်ဆေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင်ဆောင်ရွက်ရန် ဆွေးနွေးကြောင်းသိရှိရသည်။
တင်ဝင်း