ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးအတွက် သွားရောက်ကူညီကြမည့် မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

မြစ်သား  ဇွန်  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မှ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးအတွက် သွား‌ရောက်ကူညီကြမည့် မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများအားထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့အဖွဲ့ဝင် (၁)ဗိုလ်မှူး ဘိုဘိုအောင်နှင့် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးတို့မှ ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးအတွက် သွားရောက်ကူညီကြမည့် မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့ဝင် (၅)ဦးအတွက်ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-) ကျပ်ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်ထံသို့လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက်  ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နှင့် ပေါက်တောမြို့တို့တွင် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးခဲ့သော သာသနိက အဆောက်အဦများ၊ ဆေးရုံများ၊ပညာရေးဆိုင်ရာအဆောက်အဦများ၊ လူနေအိမ်များပြန်လည်ထူထောင်နိုင်ရေးအတွက် သွားရောက်ကူညီကြမည့် မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)