ရသေ့တောင်မြို့တွင် ဌာဆိုင်ရာများနှင့် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရသေ့တောင်  ဇွန် ၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၅ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှု Command Post ရုံးခန်းမတွင် ပြုလုပ်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့​သည်။

အစည်းအဝေးတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးနိုင်လင်းထက်က ရသေ့တောင်မြို့နယ်ရှိ မုန်တိုင်းဒဏ်သင့် ဒေသများသို့ နိုင်ငံတော်မှ ထောက်ပံ့ပစ္စည်းများ ခွဲဝေထောက်ပံ့ရာတွင် ရသေ့ တောင်မြို့နယ်အတွက် ရောက်ရှိလာသော ငွေနှင့်ပစ္စည်းများအား ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ခွဲဝေထောက်ပံ့နေခြင်း၊ ရောက်ရှိပစ္စည်းအားလုံး လေဘေးသင့်ပြည်သူများထံသို့ အချိုးကျ ခွဲဝေ ရရှိစေရေး ကော်မတီများ ဖွဲ့စည်း၍ တာဝန်ပေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ မြို့သန့်ရှင်းသာယာလှပစေရေး အမှိုက်သရိုက်များအား စနစ်တကျ စွန့်ပစ်ရန် လိုအပ်နေမှုအခြေအနေများ ၊မြို့ပေါ် ရပ်ကွက်များအတွင်း ပိတ်ဆို့နေသည့် ရေမြောင်းများအတွင်း ရေစီး၊ ရေလာကောင်း မွန်စေရေးနှင့် မုန်တိုင်ဒါဏ်ကြောင့် ဆားငံဝင်ရောက်ခဲ့သည့် ရေကန်များအား ရေစုပ်ထုတ်ကြရန်တို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့မှညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏ ဌာနလုပ်ငန်းအခြေအနေများ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)