မင်းပြား ဇွန် ၄
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ မိုခါမုန်တိုင်းပြင်းထန်စွာ တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်ခံရကာ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် ပြည်သူများသို့ နိုင်ငံတော်မှ ဆန်ရိက္ခာနှင့်စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်စက်များ၊ သောက်ရေသန့်များ၊ တာပေါ်လင်၊ သွပ်နှင့်ဆေးစိမ်ခြင်ထောင်များအား ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းကထောက်ပံ့ပေးလျက်ရှိသည်။
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်များလုံးဝပျက်စီးခြင်း၊ အမိုးလန်ခြင်းစသည်တို့ကြောင့် ထိခိုက်ကာအခက်အခဲဖြစ်နေကြသည့် မင်းပြားမြို့ဥက္ကာပျံရပ်ကွက်နှင့် စျေးဟောင်းပိုင်းရပ်ကွက်နေ လေဘေးသင့်ပြည်သူများအား ရပ်ကွက်များရှိ သတ်မှတ်နေရာတို့၌ ဇွန် ၃ ရက်နေ့ကဆန်(၅)ရက်စာရိက္ခာနှင့် ဆေးစိမ်ခြင်ထောင်များကို ထပ်မံကွင်းဆင်းသွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်၊၊ ထိုသို့ပေးအပ်ရာသို့မင်းပြားမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဗိုလ်မှူးချုပ်ခင်ဇော်၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးဝင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့်အဖွဲ့ဝင်များက သွားရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
သောင်းရွှေ(ပြန်/ဆက်)