ရသေ့တောင်မြို့နယ်၌  အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့်တက်ရောက်ပညာသင်ယူ

ရသေ့တောင်  ဇွန် ၁

 

ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့နယ်၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ယနေ့ ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ယူလျက်ရှိသည်။

ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၁၃၂ကျောင်း အမိုးလန် ပျက်စီးရှုံးဆုံးခဲ့သော်လည်း ယခုအခါ နိုင်ငံတော်အစိုးရမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်ဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြုပြင် ဆောင်ရွက် ပြီးဖြစ်သဖြင့် ယနေ့တွင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၇၄) ကျောင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ အထက် တန်းကျောင်းသား၊သူ (၂၃၂၄)ဦး၊ အလယ်တန်းကျောင်းသား၊ သူ(၄၆၅၅) ဦး၊ မူလတန်းကျောင်းသား၊သူ(၇၈၈၄)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၄၈၆၃)ဦးတို့ သက်ဆိုင်ရာကျောင်းများတွင် တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ KG တန်းမှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံများနှင့်ကျောင်းဝတ်စုံများကို အခမဲ့ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ 

ရသေ့တောင်(ပြန်/ဆက်)