ဗိုလ်ချုပ်စိုးနိုင်ဦး သံတွဲမြို့ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှု

သံတွဲ  ဇွန်  ၁

လေဘေးသင့်ဒေသများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောင်းအပ်နှံမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်ချုပ် စိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာကျောင်း၊ အမှတ်(၂)အခြေခံပညာကျောင်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အထက(ငပလီ)ကျောင်းများသို့သွားရောက်ပြီး ကျောင်းလာအပ်ကြသည့် မိဘများနှင့်တွေ့ဆုံအားပေးစကားပြောကြားသည်။ ထို့နောက်စာသင်ခန်းများသို့ လှည့်လည်ကြည့်ရှု၍ ကျောင်းသား၊ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများနှင့် ကျောင်းသားဦးရေနှင့် စာသင်ခန်းများ လုံလောက်မှုရှိ/မရှိတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ဆက်လက်၍ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့်တွေ့ဆုံဆွေးနွေးရာတွင် ယခင်နှစ်ထက်အတန်းအလိုက် ကျောင်းသားအပ်နှံမှု ပိုမိုလာကြောင်းနှင့် ဆက်လက်၍လည်း ကျောင်းအပ်နှံမှုများရှိကြောင်းသိရသည်။ ဗိုလ်ချုပ်စိုးနိုင်ဦးမှ ကျောင်းသန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို့အတွက် အပတ်စဉ်သန့်ရှင်းရေးများ ဆောင်ရွက်ကြရန် အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)