မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးဦးဆောင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အထ.က (မြေပုံ) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများ ပညာသင်ကြားနေမှုအား ကြည့်ရှု

မြေပုံ   ဇွန် ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုင်ငံအဝှမ်း အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ မြေပုံမြို့နယ်၌လည်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(မြေပုံ)ကျောင်းသို့ သွားရောက်ကြည့်ရှုသည်။

ဗိုလ်မှူးချုပ် ကျော်ကျော်စိုးဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဌေးနှင့် တာဝန်ရှိသူများတို့က အ.ထ.က(မြေပုံ)ကျောင်းအုပ် ဆရာကြီး ဦးမောင်လှခင်နှင့်တွေ့ဆုံကာ ပညာသင်ကြားနေမှုအား မေးမြန်းရာ ဆရာကြီးက အ.ထ.က (မြေပုံ)ကျောင်းတွင် ယနေ့အထက်တန်းကျောင်းသား/သူ(၆၄၃)ဦးနှင့် အလယ်တန်းကျောင်း သား/ သူ(၃၉၅)ဦး တို့ စတင်ပညာသင်ကြားလျက်ရှိကြောင်း ပြောကြားသည်။ ဆက်လက်၍ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက အ.ထ.က(မြေပုံ)ကျောင်း၌ ကျောင်းသား/သူများ ပညာသင်ကြားနေမှု အား သွားရောက်ကြည့်ရှု့ အားပေးစကားပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူးက မြေပုံမြို့နယ်၏ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအခြေအနေများတင်ပြရာ၌ “မိုခါ”မုန်တိုင်းကြောင်း အခြေခံပညာကျောင်းများ အမိုးလန်ခြင်း၊ ပြိုလဲခြင်းများရှိခဲ့သော်လည်း ယခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိ၍ အ.ထ.က (၁၈) ကျောင်း၊ အ.ထ.က(ခွဲ)(၂၀)ကျောင်း၊ အ.လ.က(၁၁)ကျောင်း၊ အ.လ.က(ခွဲ)(၂၆)ကျောင်း၊ မူလွန် (၂၇) ကျောင်း၊ အ.မ.က(၆၂)ကျောင်းနှင့် အမက(ခွဲ)(၆)ကျောင်းတို့၌ ကျောင်းစတင်ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်းနှင့် ယနေ့၌ အထက် တန်းကျောင်းသား/သူ(၂၀၇၃)ဦး၊ အလယ်တန်းကျောင်းသား/သူ (၆၅၁၈)ဦးနှင့် မူလတန်း (၁၆၁၃၄)ဦးတို့ စတင်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

တင်ဝင်း