ဂွ ဇွန် ၁
ရခိုင်ပြည်နယ်၊ ဂွမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်အေးချမ်းစွာဖြင့် ကျောင်းစတင်တက်ရောက် သင်ကြားလျက်ရှိသည်။
ဂွမြို့နယ်အနေဖြင့် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် အခြေခံပညာကျောင်းပေါင်း(၈)ကျောင်း အမိုးလန်ပျက်စီးခဲ့သော်လည်း ယခုအခါရာနှုန်းပြည့် ပြင်ဆင်ပြီးမြောက်ခဲ့သဖြင့် ယနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပေါင်း(၁၄၀)တွင် ကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်စွာ တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၃)ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်း သား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံး ဗလာ စာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်