သာကေတ ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယနေ့နံနက်(၉)နာရီမှစတင်ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ အခြေခံကျောင်းများ ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ပညာရေး ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာတက်ရောက် သင်ကြားကြောင်း သိရှိရသည်။
သာကေတမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း(၆)ကျောင်း၊ အလယ်တန်း(ခွဲ)(၁)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၄၅)ကျောင်း၊ ပုဂ္ဂလိကိုယ်ပိုင်ပညာရေး ကျောင်း(၁၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၇)ကျောင်း စုစုပေါင်း (၇၈)ကျောင်းများမှ ကျောင်းနေအရွယ်ကလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူစီမံကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျန်းမာပျော်ရွှင်အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းမဖွင့်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့နံနက် (၉:၀၀)နာရီတွင် အခြေခံပညာရေးကျောင်း (၅၈)ကျောင်းတွင် ထက်၊ လယ်၊ မူကျောင်းသား၊ ကျောင်းသူ(၁၉၃၄၄)ဦး၊ ပုဂ္ဂလိကကိုယ်ပိုင်ပညာရေး ကျောင်း(၁၁)ကျောင်းတွင် ထက်၊ လယ်၊ မူကျောင်းသား၊ ကျောင်းသူ (၄၂၀၇)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ထက်၊ လယ်၊ မူကျောင်းသား၊ ကျောင်းသူ(၁၆၇၉)ဦး စုစုပေါင်း(၂၅၂၃၀)ဦးမှ KG မှ G-12 ထိ အေးချမ်းပျော်ရွှင် စွာ ပညာတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)