တောင်ကုတ်မြို့နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲကျင်းပ

တောင်ကုတ် ဇွန် ၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က တောင်ကုတ်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးက အမှာစကားပြောကြားပြီးနောက် သံတွဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ရုံးမှ ဦးစီးအရာရှိဒေါ်ညိုညိုအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များက Family Kit သေတ္တာများနှင့် နေအိမ်တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သည့် အိမ် (၅၅၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၂၀၀၀၀၀၀ိ)၊ လုံးဝပျက်စီးသွားသည့် လူနေအိမ် (၁၅) လုံးအတွက် ထောက်ပံ့ငွေ (၁၅၀၀၀၀ဝိ)၊ အိမ်ထောင်စု (၅၆၅) စုမှ လူဦးရေ (၂၅၀၀) အတွက် ဆန်ရိက္ခာ (၇) ရက်စာအတွက် ထောက်ပံ့ငွေ (၅၂၅၀၀၀ဝိ)၊ သစ်ပင်ပိ၍ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀ဝိ)၊ ဘသာရေးကျောင်း (၁၃) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၁၇၀၀၀ဝိ) စုစုပေါင်း (၃၀၂၂၀၀၀ဝိ) ကျပ်ကို မုန်တိုင်းသင့်ပြည်သူများသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မုန်တိုင်းသင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်