တောင်ကုတ်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကျင်းပ

တောင်ကုတ်  မေ ၂၇

ငါးသယံဇာတများ ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ရေလုပ်သားများနှင့်ပြည်သူများအနေဖြင့် ဒီရေတောများ၏ အရေးပါပုံများကိုသိရှိနားလည်လာစေရန်နှင့် ဒီရေတောအား ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ချက်များဖြင့် တောင်ကုတ်ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနနှင့် ရေလုပ်ငန်းရှင်များ ပူးပေါင်း၍ ဒီရေတောစိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာ အုပ်စု၊ ခရိုင်မြစ်ကမ်းတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ တောင်ကုတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးဇော်မင်းနိုင်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်ထံသို့ ဗျူးခြေထောက်ပျိုးပင်များပေးအပ်ပြီးနောက် ဒီရေတောစိုက်ပျိုးပွဲ အခမ်းအနားကိုကျင်းပရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံရေလုပ်သားများနှင့်ကျောင်းသား၊ကျောင်းသူများက ဗျူး ခြေထောက် အပင်(၇၀၀၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်