သံတွဲ မေ ၂၇
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က သံတွဲမြို့ အံတော်ကျေးရွာ မဟာအောင်မြေကျောင်းသို့ရောက်ရှိပြီး ဆရာတော်ဦးကောသလ္လအား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီနှင့် အမိုးသွပ်ပြား အချပ်(၂၀)တို့ကိုဆက်ကပ်လှူဒါန်းကာ သာသနိကအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုရှိ/မရှိ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ငပလီမြို့ တပ်ဦးဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆွမ်းဆန်တော်နှင့်ဆီများ ဆက်ကပ် လှူဒါန်းခဲ့သည်။
၎င်းနောက် ငပလီမူလွန်ကျောင်းနှင့် သံတွဲမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းသား၊ ကျောင်းသူလေးများ ကျောင်အပ်နှံမှုနှင့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်များ အခမဲ့ထောက်ပံ့ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်