ရသေ့တောင် မေ ၂၆
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင်(မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများ ပြန်လည်ပြင်ဆင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး လျှပ်စစ်ဓာတ်အားများ ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဝန်ထမ်း(၆၀)ဦးဖြင့် လမ်းများအလိုက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြိုလဲပျက်စီးသွားသည့် လျှပ်စစ်ဓာတ်တိုင်များ၊ ထရန်စဖော်မာများ၊ ဓာတ်ကြိုးလိုင်းများကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ မြို့နယ်တစ်ခုလုံးအနေဖြင့် ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
ရသေ့တောင် (ပြန်/ဆက်)