မြေပုံမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဗိုလ်မှူးချုပ်ကျော်ကျော်စိုး သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းစည်းဝေး

မြေပုံ  မေ  ၂၆

မြေပုံမြို့၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဗိုလ်မှူးချုပ်ကျော်ကျော်စိုးနှင့် မြို့နယ်သဘာဝဘေးပြန်လည်ထူထောင်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်က မြို့နယ်သဘာဝဘေး ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့ခွဲ(၇)ဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တင်ပြချက်များအနက် စားရေးရိက္ခာ လက်ခံထိန်းသိမ်းဖြန့်ဖြူးရေးအဖွဲ့အနေဖြင့် မြန်မြန်ရောက်၊ မြန်မြန်ဖြန့်၊ စနစ်တကျရှိရမည်၊ ထိရောက်မှု ရှိရမည်ဆိုသည့်အတိုင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်၊ ဆီအပါအဝင်ပစ္စည်း(၅)မျိုးကို စနစ်တကျမြန်မြန်မှန်မှန် ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်ဝင်း