မြောက်ဦးမြို့ပေါ်ရပ်ကွက်များတွင် ရေဖြန့်ဝေနေမှုအခြေအနေအား ရှင်းလင်းတင်ပြ

မြောက်ဦး  မေ ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေထံသို့ မြောက်ဦးမြို့နယ်စည်ပင် သာယာရေးကော်မတီ အမှုဆောင်အရာရှိနှင့်လက်ထောက် အင်ဂျင်နီယာတို့မှ မြောက်ဦးမြို့ရေပေးဝေရေးဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် လာရောက် ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ရှေးဦးစွာ မြောက်ဦးမြို့နယ်စည်ပင်သာယာရေးကော်မတီအမှုဆောင်အရာရှိ ဦးဦးရွှေမောင်မှ မြောက်ဦးမြို့ ယခင်ရေပေးဝေနေမှုအစီအမံအားလည်းကောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်း လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် ဌာနပိုင်မီးစက်ဖြင့် ရေစုပ်တင်၍ မြို့အား ရေပေးဝေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့အားလည်းကောင်း ရှင်းလင်း တင်ပြခဲ့သည်။

ဗိုလ်ချုပ်သောင်းထိုက်ရွှေက ရေပေးဝေမှုနှင့်ပတ်သတ်၍ သိရှိလိုသည်များမေးမြန်းခဲ့ပြီး တာဝန်ရှိ သူများက ရှင်းလင်းတင်ပြကြရာ ဗိုလ်ချုပ်သောင်းထိုက်ရွှေက လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)