ကျောက်တော် မေ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦး ဦးဆောင်သောအဖွဲ့ဝင်များသည် မြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် နေရာများသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဗိုလ်မှူးချုပ်အောင်သူဦး ဦးဆောင်သော တာဝန်ရှိသူများသည် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၊ ဆေးရုံ/ဆေးပေးခန်းများ၊ သာသနိကအဆောက်အဦများ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီးနောက် အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများကို ကျောင်းအပ်လက်ခံနေမှုအခြေအနေများ၊ အခြေခံပညာကျောင်းများ အချိန်မီဖွင့်လှစ်နိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း