မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းသင့်ကျေးရွာများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများ လက်ဝယ်အရောက် ပေးအပ်

မြောက်ဦး  မေ ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မုန်တိုင်းသင့်ကျေးရွာများမှ အိမ်ထောင်စုများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို  ယမန်နေ့ ညနေ ၄ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်း၊ အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်တို့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းသင့် ကျေးရွာအုပ်စု(၂၂) အုပ်စုမှ ကျေးရွာ (၅၂) ရွာ၊ အိမ်ခြေ (၈၀၀၃) လုံးတို့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများဖြစ်သော Life Straw (၅)လုံး၊ Bucket (20L) (၃၀)ပုံး ၊ Hygiene Kit-A (၃၀) ခု ၊ Water Purif (၁၆၀၀၀) ခု တို့ကို  မုန်တိုင်းသင့်ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများထံ သို့ လက်ဝယ်အရောက်‌ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများအား ပေးအပ်နိုင်ခဲ့ခြင်းကြောင့် မုန်တိုင်းသင့်ပြည်သူများအတွက် အမှန်တကယ်လိုအပ်ချက်များဖြစ်သည့်  သန့်ရှင်းသောသောက်သုံးရေနှင့် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)