မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်​ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက သန့်ရှင်းသော သောက်သုံးရေရရှိရေး ဖြန့်ဝေဆောင်ရွက်

ရသေ့တောင်  မေ ၂၅

ရခိုင်ပြည်နယ်၊ စစ်တေခွရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းက ရေသန့်စင်ကားဖြင့်သန့်ရှင်းသောသောက်သုံးရေများကို ရသေ့တောင်မြို့နယ် ခနောင်းကြီးကျေးရွာအုပ်စုမှ ခနောင်းကြီး ကျေးရွာနှင့်ရွာသစ်ကေကျေးရွာများရှိ ဒေသခံပြည်သူများအားရေသန့်များအားဖြန့်ဝေပေးခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင် နွေရာသီရေရှားပါးမှုကြုံနေရပြီး မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာ ဆားငံရေဝင်သွားခြင်းကြောင့် သောက်သုံးရေ အခက်အခဲများဖြစ်ပေါ်လျက်ရှိ သည်။

ယခုအခါ ရသေ့တောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးပြီး ရေသန့်စင်ကား(၂)စီးဖြင့်မြို့ပေါ်ရပ်ကွက်(၄)ကွက်ရှိ ပြည်သူများ၊ ယာယီနေရပ်စွန့်ခွာသူများ၊ လေဘေးဒဏ်သင့်ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှသောက်ရေများစတင်ဖြန့်ဝေခဲ့ရာ ယနေ့ အချိန်ထိ ရေဂါလံပေါင်း (၂၂၆၅၅)ဂါလံကို အကျိုးပြုပြည်သူ (၁၁၄၂၃၅) ဦးတို့အတွက် ဖြန့်ဝေနိုင်ခဲ့ကြောင်း သိရသည်။

ရသေ့တောင် (ပြန်/ဆက်)