ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်အဖွဲ့ဝင်များ လေးကန်ကျေးရွာအုပ်စုတွင် စားနပ်ရိက္ခာနှင့် အဝတ်အထည်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရသေ့တောင်   မေ   ၂၄

ရသေ့တောင်မြို့၌ မုန်တိုင်းသင့်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများကို ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်အဖွဲ့ဝင်များမှ ယမန်နေ့နံနက် ၁၁ နာရီက လေးကန်ကျေးရွာအုပ်စုရှိ လေးကန်ကျေးရွာနှင့် ပေါက်တောကြီးကျေးရွာများတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် အခြားအသုံးအ‌ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်အဖွဲ့ဝင်များသည် အရှေ့မြောက်ရပ်ကွက်ရှိ ပြည်တော်သာကန်အနီးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေသန့်စက်ယာဥ်(၂)စီးဖြင့် ရပ်ကွက်နေပြည်သူများအား သောက်သုံးရေဖြန့်ဝေပေးနေမှုများကို ကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့‌ကြောင်း သိရှိရသည်။

ရသေ့တောင် (ပြန်/ဆက်)