မြောက်ဦး မေ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေသည် ယမန်နေ့ညနေပိုင်းက မြောက်ဦးမြို့နယ် သာသနာလင်္ကာရဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ဆွမ်းဆန်တော်များနှင့်လှူဖွယ်ဝတ္တုများ ဆပ်ကပ်လှူဒါန်းပေးခဲ့ကြသည်။
ရှေးဦးစွာ ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့်အဖွဲ့သည် သာသနာလင်္ကာရဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တကေသရထံမှ ဩဝါဒခံယူကြပြီး ဘုန်းတော်ကြီးကျောင်းရှိ ရဟန်းနှင့်သာမဏေ ၈၆ ပါးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်လစာ ဆွမ်းဆန် ၂၀ အိတ်၊ ဆီ ၃၈ ပိဿာတို့အား ဆပ်ကပ်လှူဒါန်းကြပြီးနောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ လှူဒါန်းပွဲသို့ ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ နယ်မြေခံစစ်ဌာနချုပ်မှတပ်မတော်အရာရှိကြီးများ၊ ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)