ကျောက်တော် မေ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုစတင်လက်ခံလျက်ရှိသည်။
ကျောက်တော်မြို့နယ်တွင် အခြေခံပညအထက်တန်းကျောင်း(၁၄)ကျောင်း၊ အ-ထ-က ခွဲ(၂၅)ကျောင်း၊ အ-လ-က(၁၂)ကျောင်း၊ အ-လ-ကခွဲ(၂၅)ကျောင်း၊ အ-မ-က(၁၁၀)ကျောင်း၊ မူလွန်(၃၂)ကျောင်း၊ မူလတန်းကျောင်းခွဲ(၃၄)ကျောင်း စုစုပေါင်း(၂၅၂)ကျောင်းရှိပြီး ကျောင်းအပ်နှံရေးနေ့ကို ယခုလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် အဖြစ်သတ်မှတ်ထားပြီး မေလ ၂၃ ရက်နေ့မှစ၍ ကျောင်းသား၊ ကျောင်းသူများ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း